24 September 2014

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။

 

စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar's NLD Eyes Former General for President ) တွင်
အဓိပ္ပါယ်လွဲမှားဖေါ်ပြချက်များနှင့် ပတ်သက်၍အ ဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။ ယင်းစာကိုဖေါ်ပြအပ်ပါသည်။

ရင်းမြစ်..NLD

NLD အနေဖြင့် ဦးရွှေမန်းအား သမ္မတအဖြစ် ထောက်ခံမည်ဆိုသော Reuters သတင်းဖော်ပြချက်ကို NLD ငြင်းချက်ထုတ်

Reuters သတင်းဖော်ပြချက်ကို NLDမှ တာဝန်ရှိသူများက ငြင်းချက်ထုတ်ခဲ့သည်။

 
ေ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက NLDအနေဖြင့် ဦးရွှေမန်းအား သမ္မတအဖြစ် ထောက်ခံမည်ဆိုသော Reuters သတင်းဖော်ပြချက်ကို NLDမှ တာဝန်ရှိသူများက ငြင်းချက်ထုတ်ခဲ့သည်။
အဆိုပါသတင်းတွင် “NLD တာဝန်ရှိသူများ၏ ပြောကြားချက်များအရ NLD ပါတီအနေဖြင့် နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ လွှတ်တော်အမတ် နေရာများသာ ယှဉ်ပြိုင်ပြီး အာဏာရပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးအား ထောက်ခံနိုင်ဖွယ်ရှိကြောင်း သိရသည်” ဟူ၍ အစချီဖော်ပြထားပြီး NLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် ဦးဥာဏ်ဝင်းတို့၏ ပြောကြားချက်များဖြင့် သတင်းဖော်ပြထားခြင်းဖြစ်သည်။
“ကျွန်တော်ပြောခဲ့တာက ဦးရွှေမန်းလည်းမပါဘူး။ ဘာမှမပါဘူး။ အဲဒါ ထမင်းစားရင်း ပြောတဲ့စကား။ ကျွန်တော်တို့ NLD မှာဒေါ်အောင်ဆန်းစုကြည်ကို ၅၉ (စ) မပြင်ပေးရင် သူ့အစား ဘယ်သူ့ကိုထည့်မလဲ။ ဒုတိယလူ ဘယ်သူရှိသလဲဆိုတော့ ဒုတိယလူ ဘယ်သူဆိုပြီး ကျွန်တော်တို့ NLD မှာ မထားဘူး။ ရှိလည်းမရှိဘူး။ အဲလိုဆိုရင် NLDက ဘယ်သူ့ကို တင်မှာလဲဆိုတော့ ကျွန်တော်ပြောတဲ့စကားကNLD ကတင်မဟုတ်ဘူး။ ကျန်တဲ့ဘယ်ကမဆို တင်လို့ရတယ်။ အမတ်လည်း ဖြစ်စရာမလိုဘူး။ သမ္မတရွေးမယ့်သူက အမတ်လည်း ဖြစ်နိုင်တယ်။ ပါတီထဲကလည်း ဖြစ်ဖို့မလိုဘူး။ ဒါဘယ်ကမဆို တင်လို့ရတယ် ဒါပဲပြောတာ” ဟု NLDမှ ဦးဟံသာမြင့်က Eleven Media Groupကို ပြောကြားပါသည်။
ထို့အပြင် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Reuters ၏သတင်းဖော်ပြချက်နှင့် ပတ်သက်သော ရှင်းလင်းချက်ကို မကြာမီ ထုတ်ပြန်သွားရန်ရှိကြောင်းနှင့် ထိုသတင်းတွင် ပါဝင်သည့် “ဦးရွှေမန်းသည် NLD ပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်လျော်ဆုံး သမ္မတလောင်းလည်းဖြစ်ကြောင်း” ဖြည့်စွက်ပြောကြားသည် ဆိုသောစကားမှာ ၎င်းပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ဖြေကြားခဲ့သည်။
ထို့အတူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါသတင်းတွင် ဖော်ပြထားချက်များနှင့် ပတ်သက်၍ ကာယကံရှင်များကိုသာ မေးမြန်းသင့်ကြောင်း၊ ထိုသို့ပြောလိမ့်ဟုလည်း မထင်ကြောင်း စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်း လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားခဲ့သည်။
“ဒါဟာ CECဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူတို့ပြောလိမ့်မယ်လို့လည်း မထင်ဘူး။ သူတို့ကို မေးကြည့်လိုက်ပါ။ ကာယကံရှင်ကို မေးမှပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
Reuters သတင်းဌာနက စက်တင်ဘာ ၂၃ ရက်၊ နေ့စွဲဖြင့် “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက ဗိုလ်ချုပ်ဟောင်းတစ်ဦးအား သမ္မတအဖြစ် ထောက်ခံရန် NLD ပြင်ဆင်” ဟု သတင်းဖော်ပြခဲ့သည်။
ထိုသတင်းတွင် NLD ပါတီ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပါတီအနေဖြင့် ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံရန် အလားအလာရှိကြောင်း ဖော်ပြခဲ့သည်။ သတင်း၌ပင် ဦးဥာဏ်ဝင်းက ပြောကြားသည် ဟုဆိုကာ “ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထင်ရှားဆုံးပါပဲ။ သူ့အနေနဲ့လည်း ဦးရွှေမန်းကို သမ္မတအဖြစ် သဘောကျပါတယ်” ဟု ဖော်ပြခဲ့သည်။ ထို့အပြင် ဦးဟံသာမြင့်ကလည်း ပါတီအနေဖြင့် ကိုယ်တိုင်သမ္မတလောင်းတစ်ဦး ရွေးချယ်ခြင်းမရှိဘဲ ပါတီနှင့် အမြင်တူသော အခြားသူတစ်ဦးကို အထောက်အပံ့ပေးမည်ဟု ပြောကြားခဲ့သည်ဟုဆိုကာ “သမ္မတလောင်းဟာ NLD ပါတီဝင်ဖြစ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့နဲ့ အမြင်ချင်း တူညီရပါမယ်။
အရေးကြီးတာကတော့ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်မည့်သူ ရှိဖို့ပါပဲ။ ကျွန်တော်တို့ အတွက်တော့ ဒါဟာလုံလောက်ပါတယ်” ဟု ဆက်လက်ဖော်ပြခဲ့သည်။
ထို့ပြင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ဆိုကာ “ဦးရွှေမန်းကို သမ္မတအဖြစ် ကျွန်တော်တို့က ထောက်ခံပြီး ရွေးချယ်လိုက်ရင် ပါတီတွင်းမှာ ပြဿနာတွေအများကြီး ပေါ်ထွက်လာနိုင်ပါတယ်။ ကျွန်တော်တို့ပါတီဝင် အများအပြားနဲ့ ပြည်သူတွေဟာ တပ်မတော်နဲ့ သက်ဆိုင်သူတွေ နိုင်ငံကို အုပ်ချုပ်နေတာ မကြိုက်ကြပါဘူး” ဟု ဖော်ပြခဲ့သည်။
သို့သော် ဦးရွှေမန်းသည် NLDပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်တော်ဆုံး သမ္မတလောင်းလည်း ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဖြည့်စွက်ပြောကြား ခဲ့သည်ဟုလည်း Reuters သတင်းတွင် ဖော်ပြထားသည်။

သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ ဘာ့ကြောင့် NLD ထောက်ခံမှာလဲ

 


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ဖွဲ့စည်းပုံ ဥပဒေအရ ဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင် NLD ပါတီအနေနဲ့ နောက်ထပ် သမ္မတလောင်းကို ရွေးချယ်မှာမဟုတ်ဘဲ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမယ်လို့ NLD ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစား အခြားသော သမ္မတလောင်းအဖြစ် ပါတီတွင်းမှာ ရွေးချယ်သွားမှာ မဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိဥက္ကဌ သူရဦးရွှေမန်း သမ္မတဖြစ်စေဖို့ အားပေးသွားမယ်လို့ ပါတီခေါင်းဆောင်တစ်ယောက်ရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

အရပ်သားနိုင်ငံရေးသမားမဟုတ်ဘဲ စစ်မှုထမ်းဟောင်းတစ်ယောက်ကို သမ္မတဖြစ်လာဖို့ ထောက်ခံတဲ့ကိစ္စ NLD ပါတီတွင်းမှာ အငြင်းပွားစရာတွေ၊ ပြဿနာတွေ တက်လာနိုင်ဖို့ရှိပေမယ့် NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားသောနောက်ထပ်ခေါင်းဆောင်ကို ရွေးချယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ပါတီမှာ နံပါတ် ၂နေရာဆိုတာ မရှိပါဘူး”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဟံသာမြင့်က ပြောဆိုခဲ့ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ဒုတိယ ခေါင်းဆောင် မရှိပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ဟာ လွှတ်တော်အတွင်းမှာ ပူးပေါင်းဆောင်ရွက်ရှိပြီး ဆက်ဆံရေးကောင်းတစ်ခုရှိနေသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစေဖို့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်လို့ သူရဦးရွှေမန်းက အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်

“ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လူကြိုက်အများဆုံးပဲ။ ဒေါ်စုက [သူရဦးရွှေမန်း]ကို Favor ပေးတယ်” လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဦးဟံသာမြင့်ကတော့ သူရဦးရွှေမန်းကို NLD ပါတီက သမ္မတဖြစ်လာဖို့ ထောက်ခံပေမယ့် သူရဦးရွှေမန်းဟာ NLD ပါတီဝင်တစ်ယောက် ဖြစ်ဖို့မလိုဘဲ သူတို့လို စဉ်းစားဖို့ပဲ လိုပါတယ်လို့ ဆိုပါတယ်။ "အရေးကြီးတဲ့အချက်က သမ္မတအဖြစ် ကျနော်တို့လက်ခံနိုင်မယ့်သူ တစ်ယောက်ယောက် ရှိဖို့ပဲ။ ကျနော်တို့အတွက်တော့ ဒါက လုံလောက်ပါတယ်”လို့ ဦးဟံသာမြင့်က ပြောပါတယ်။

“ကျနော်တို့ ဦးရွှေမန်းကို သမ္မတအဖြစ် ရွေးရင် ပါတီတွင်းမှာ ပြဿနာတွေ အများကြီးပေါ်လာနိုင်ပါတယ်။ ကျနော်တို့ ပါတီဝင်တွေရော၊ နိုင်ငံသားတွေကရော စစ်သားတစ်ယောက် တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခြေအနေကို မကြိုက်ကြပါဘူး”လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းသည်သာ NLD က ထောက်ခံပေးနိုင်မယ့် တစ်ယောက်တည်းသောသူသာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်..Kamayut Media

04 September 2014

ဒီဓာတ်ပုံ ၂ ပုံကိုယှဉ်ကြည့်လိုက်ပါ..

 
ပြည်သူလူထု ခေါင်းဆောင် တဦး က လက်ညှိုးထိုးပြီးမေးမြန်းနိုင်တယ်
 မြန်မာပြည် ရဲ့ အနာဂတ် ကို ကမ္ဘာ မှာ မော်ပြနိုင်ဘို့ ၂၀၁၅ မှာ မည်သူသာ မြန်မာနိုင်ငံရဲ့
သမ္မတ ဖြစ်သင့် ပါသနည်း...။
        

အာဏာရှင် ခေါင်းဆောင်ကြီး ကျတော့ သူများက လက်ညှိုးထိုးပြီး မေးမြန်းနိုင်တယ်..

02 September 2014

အမြင့်ပျံသူများရဲ့ ဘ၀တစိတ်တဒေသ ပုံရိပ်များ



 


အမြင့်ပျံနိုင်ဘို့ ရိုးရိုးကျင့်ကြံခဲ့ကြသော အဖွဲ့ချုပ်လူငယ်တာဝန်ခံများ

တချိန်ကလုပ်ဖေါ်ကိုင်ဖက်တွေအနေနဲ့ ကျွန်တော့ကိုဆက်သွယ်ဘို့မလွယ်လှတဲ့ အဝေးတနေရာရောက်နေလို့ မကြာခင်ရက်ပိုင်းကမှ ပြုလုပ်သွားတဲ့ လူငယ်ဟောင်း/သစ်တွေ့ဆုံပွဲကို မတက်ရောက်နိုင်ခဲ့သလို အမှာစကားလေးလဲ အချိန်မှီမပို့နိုင် တတ်နိုင်တဲ့ဘက်ကလဲ မကူညီခဲ့လိုက်နိုင်ပါဘူး။
ဒါပေမယ့် အဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ မျိုးဆက်သစ်လူငယ်တွေအားလုံးအပေါ် သစ္စာရှိစွာဖြင့် တိုးတက်ရာတိုးတက်ကြောင်း အကြံဥာဏ်နဲ့အတူ အတွေ့အကြုံများမျှဝေပေးဘို့ ကူညီဘို့အဆင်သင့်ပါ။ အဲဒီအတွက် ဘယ်အချိန်ဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပံ့ပိုးပေးနိုင်တာဖြစ်လို့ မျှဝေသင့်တာလေးတခုကို ပြန်လည်မျှဝေချင်ပါတယ်။

ကျွန်တော်မျှဝေချင်တာက အဖွဲ့ချုပ်လူငယ်တွေထဲမှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာကတည်းက ပါဝင်ခဲ့ကြတဲ့ကျောင်းသားလူငယ်တွေအများကြီး ရှိခဲ့ပါတယ်။ အဲဒီကမှ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပြန့်ကျဲသွားတဲ့ဒီမိုကရေစီအင်အားစုများကို ပြန်လည်စုစည်းကာ မပြီးပြတ်သေးတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအာမခံတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ရည်ရွယ်ပြီး စုစည်းခဲ့ကြတဲ့ ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတော်အောက်မှာ ၀င်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက် ရဲရင့်ထက်မြက်တဲ့ လူငယ်တွေကို အလေးထားထားတဲ့ အဖွဲ့ချုပ်မှာ စွန့်လွှတ်ပေးဆပ်ကာ ရှေ့တန်းက ထမ်းဆောင်ခဲ့ကြတဲ့လူငယ်တွေရဲ့ သမိုင်းဟာ ယခုအချိန်အထိလက်ဆင့်ကမ်း သယ်ပိုးနိုင်ခဲ့ကြပါတယ်။ ကျရာတာဝန်ကို ကျရာနေရာကနေ သဘောထားပြည့်ပြည့်၀၀နဲ့ နေရာကိုပထာနမထားဘဲ လုပ်ဆောင်ခဲ့ကြတဲ့လူငယ်တွေ အများအပြားပေါ်ထွန်းခဲ့ပါတယ်။ အဲဒီထဲကမှ ကျွန်တော်ပြန်လည်ပြောပြချင်တဲ့ လူငယ်တာဝန်ခံများအကြောင်းကို မျှဝေချင်ပါတယ်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) ဗဟိုလူငယ်(ယာယီ)ကို အဖွဲ့ဝင် ၁၉ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်တွေကို ခရီးထွက်ကာ လူငယ်ဖွဲ့စည်းမှုတွေလုပ်ခဲ့ကြပါတယ်။ စတင်စဉ်ကာလက ရည်ရွယ်တုန်းထားတာကတော့ ဗဟိုလူငယ်မှ တိုင်းနဲ့ပြည်နယ်လူငယ်အဖွဲ့ကိုဖွဲ့၊ နောက် မြို့နယ် ရပ်ကျေးဖွဲ့၊ ပြီးမှ ရပ်ကျေး၊ မြို့နယ်၊ တိုင်းနဲ့ပြည်နယ် အဆင့်ဆင့်ညီလာခံတွေကျင်းပပြီး ဗဟိုလူငယ်ကို ညီလာခံကတက်လာတဲ့ကိုယ်စားလှယ်တွေနဲ့ ပြန်ဖွဲ့ဘို့ပါ။ သို့သော်လည်း စစ်အစိုးရရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် မျှော်မှန်းထားသလို အဆင့်ဆင့်ညီလာခံတွေမကျင်းပနိုင်တဲ့အခါ ၁၉၈၉ ဇွန်လမှာ တိုင်းနဲ့ပြည်နယ်လူငယ်များတွေ့ဆုံပွဲအမည်နဲ့သာ ဗဟိုလူငယ်ကို ပြန်လည်ဖွဲ့စည်းဘို့ဖြစ်လာပါတယ်။

အဲဒီတွေ့ဆုံပွဲတွေ မတိုင်ခင်မှာ လက်ရှိဗဟိုလူငယ် ၁၉ ဦးထဲမှ အများစုဟာ တပ်ဦးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်လိုတာကြောင့် တာဝန်မှနှုတ်ထွက်ခဲ့ကြလို့ ၆ ဦးသာကျန်ပါတယ်။ ကျန်ရှိတဲ့ ဗဟိုလူငယ် ၆ ဦးဟာ လူငယ်တာဝန်ခံဖြစ်တဲ့ အံတီနဲ့ တပတ်ကို ၂ရက် တွေ့ဆုံကာ လူငယ်တွေ့ဆုံပွဲအတွက် တိုင်ပင်ဆွေးနွေးကြပါတယ်။

ဖွဲ့စည်းပုံအသစ်မှာ ဗဟိုလူငယ်ကို ၇ ဦးနဲ့ထားပြီး တိုင်းနဲ့ပြည်နယ်တာဝန်ခံများကို အတည်ပြုဘို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ၆ ဦးတည်းသာဖြစ်နေတဲ့ ဗဟိုလူငယ်မှာ ရန်ကုန်တိုင်းကတယောက်ကို အစားထိုးဘို့နဲ့ အဲဒီအတွက် ရန်ကုန်တိုင်းတာဝန်ခံ ၁ ကိုရွေးချယ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗဟိုလူငယ် ၁၉ဦးမှ ရန်ကုန်တိုင်းတာဝန်ခံက ကိုဝင်းလှိုင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအရကော လှုပ်ရှားမှုအရကော အားအကောင်းဆုံးဖြစ်ပြီး စနစ်တကျနဲ့ ညီလာခံတွေကျင်းပထားနိုင်ခဲ့ပြီး တိုင်းတာဝန်ခံ ၁၊ ၂၊ ၃ တို့ကို ရွေးချယ်ပြီးသားဖြစ်ပါတယ်။

(ဒီနေရာမှာအလျင်းသင့်လို့ တင်ပြချင်တာက ရန်ကုန်တိုင်းရဲ့စုဖွဲ့မှုပုံစံလေးဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေကို နယ်မြေအလိုက် မြို့နယ်စု ၈ ခုခွဲထားပါတယ်။ မြို့နယ်တခုချင်းစီက တာဝန်ခံ ၁၊ ၂၊ ၃ကို အဖွဲ့ဝင်များက ရွေးချယ်ပြီး တာဝန်ခံ ၃ ဦးစီဟာ သက်ဆိုင်ရာမြို့နယ်စုညီလာခံ ကိုယ်စားလှယ်များဖြစ်ပြီး မြို့နယ်တခုချင်းစီက တာဝန်ခံ ၁ များကို ကိုယ်စားလှယ်များက ရွေးချယ်ခြင်းဖြင့် မြို့နယ်စုတာဝန်ခံ ၁၊ ၂၊ ၃ များဖြစ်လာတာကြောင့် ရန်ကုန်တိုင်း မြို့နယ်စု ၈ စုမှာ တာဝန်ခံ ၂၄ ဦးရှိပါတယ်။

ရန်ကုန်တိုင်းတခုလုံး ညီလာခံမှာ အဲဒီမြို့နယ်စုတာဝန်ခံ ၂၄ ဦးက ညီလာခံကိုယ်စားလှယ်ဖြစ်ပြီး မြို့နယ်စုများမှ တာဝန်ခံ ၁ ရှစ်ဦးကို ရွေးချယ်ရပါတယ်။ နောက်ဆုံးမှာ ရန်ကုန်တိုင်းတာဝန်ခံ ၁၊ ၂၊ ၃ ဆိုပြီး အဆင့်ဆင့် စနစ်တကျရွေးချယ်နိုင်ခဲ့ကြပါတယ်။)

ဒီလိုနဲ့နောက်ထပ် တွေ့ဆုံပွဲအတွက်ပြင်ဆင်ရေး အစည်းအဝေးမှာ ကိုဝင်းလှိုင်ကအကြံပြုချက်တခုကို တင်ပြခဲ့ပါတယ်။ အစားထိုးမယ့် ဗဟိုလူငယ်နေရာအတွက် လက်ရှိတာဝန်ခံ ၁ အစား လမ်းမတော်မြို့နယ်က ကိုမြင့်စိုးကို အစားထိုးလိုကြောင်း၊ တာဝန်ခံ ၁ နှင့်လည်း ဆွေးနွေးထားပြီး သူကလည်းသဘောတူကြောင်းတင်ပြခဲ့ပါတယ်။
အံတီက ကိုဝင်းလှိုင်တင်ပြချက်ကို မေးမြန်းတဲ့အခါ လက်ရှိရန်ကုန်တိုင်းဟာ တိုင်းပြည်အတွက်အရေးအကြီးဆုံးဖြစ်နေကာ တာဝန်ခံ ၃ ဦးရဲ့ချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းနေပြီးအသားကျနေကြောင်း၊ အဲဒါကိုမဖျက်ချင်ကြောင်း၊ တာဝန်ခံသုံးဦးစလုံးကလည်း သဘောတူထားကြောင်းပြောတဲ့အခါ အံတီအနေနဲ့လက်ခံပါတယ်။ ဒါပေမယ့် တာဝန်ခံ ၁ ရဲ့ဆန္ဒက အရေးအကြီးဆုံးဖြစ်လို့ အမှတ်တကယ် သူကျေနပ်ဘို့လိုကြောင်း၊ အဲဒီအတွက် သူ့ကိုနောက်လုပ်မယ့် အစည်းအဝေးမှာဖိတ်ကြားပြီး ဆွေးနွေး အတည်ပြုစေလိုကြောင်းပြောပါတယ်။

နောက်လုပ်တဲ့အစည်းအဝေးမှာ အဲဒီလူငယ်တာဝန်ခံ ၁ တက်ရောက်ခဲ့ပါတယ်။ သူ့အနေနဲ့ ကိုဝင်းလှိုင်နဲ့ဆွေးနွေးခဲ့ပြီး အလုပ်ဖြစ်ရေးအတွက် ကျေကျေနပ်နပ်သဘောတူကြောင်း တရားဝင်ပြောခဲ့တာကြောင့် ဗဟိုလူငယ် ၇ ဦးကို အစည်းအဝေးက အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီဗဟိုလူငယ် ၇ ဦးနဲ့ လူငယ်တာဝန်ခံ အံတီတို့ဟာ တွေ့ဆုံပွဲအတွက် အစည်းအဝေးတွေကျင်းပနေစဉ်မှာဘဲ ယခင် ၆ ဦးထဲက တဦးဟာ ကိစ္စတခုနဲ့ထပ်နှုတ်ထွက်သွားတာမို့ နောက်တယောက်ထပ်စဉ်းစားရပါတယ်။ အဲဒီအခါကျတော့ အံတီက ဌာနချုပ်မှာလုပ်နေတဲ့လူငယ်ထဲက ရွေးချယ်ဘို့အကြံပြုတဲ့အတွက် ကိုမိုးဇော်ဦးကို ရွေးချယ်အစားထိုးခဲ့ပါတယ်။

ဒါကတော့ ၁၉၈၉ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ ပထမဦးဆုံးအကြိမ် တိုင်းနဲ့ပြည်နယ်လူငယ်များတွေ့ဆုံပွဲနဲ့ ပေါ်ပေါက်လာတဲ့ ဗဟိုလူငယ် ၇ ဦးမှတ်တမ်းပါ။

လက်ရှိမျိုးဆက်သစ်တွေကိုဘဲဖြစ်ဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်တွေကိုဘဲဖြစ်ဖြစ်၊ အားလုံးကို ကျွန်တော်မျှဝေချင်တဲ့အချက်က ကျွန်တော်တို့ အဖွဲ့ချုပ်လူငယ်မှာ မျှမျှတတနဲ့ တရားနည်းလမ်းတကျ လမ်းပြသွန်သင်တတ်တဲ့ အံတီလိုခေါင်းဆောင်မျိုးရှိသလို အဖွဲ့ချုပ်အကျိုး တိုင်းပြည်အကျိုးအတွက်ဆိုရင် ရာထူးနေရာကို ပထာနမထားဘဲ အကျိုးစွန့်ဆောင်ရွက်တတ်တဲ့ လူငယ်တွေအများကြီးရှိပါတယ်။

ဒီလိုလေးစားစရာကောင်းတဲ့စိတ်ဓါတ် လေးစားစရာကောင်းတဲ့ လုပ်ဆောင်ချက်မျိုးတွေကို မျိုးဆက်သစ်တွေလက်ထက်မှာလဲ ထပ်ကာထပ်ကာပေါ်ထွက်လာမယ်လို့ ယုံကြည်တဲ့အတွက် ဒီအကြောင်းလေးကို မျှဝေလိုက်ရပါတယ်။

အဲဒီတုန်းက ညီလာခံအဆင့်ဆင့်ကနေ ဒီမိုကရေစီနည်းကျရွေးချယ်ခြင်းခံခဲ့ရတဲ့ ရန်ကုန်တိုင်းလူငယ်တာဝန်ခံများကတော့

တာဝန်ခံ ၁ ကိုမောင်မောင်ဦး(ယခု အဖွဲ့ချုပ်လူငယ်ကော်မရှင် ဥက္ကဌ)(အင်းစိန်မြို့နယ်နှင့် မြို့နယ်စုတာဝန်ခံ ၁)

တာဝန်ခံ ၂ ကိုသက်ခိုင်(လမ်းမတော်မြို့နယ်နှင့် မြို့နယ်စုတာဝန်ခံ ၁)

တာဝန်ခံ ၃ ကိုရန်အောင်(မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် မြို့နယ်စုတာဝန်ခံ ၁) တို့ဖြစ်ပါကြောင်း။

လေးစားစွာဖြင့်
မိုးမြတ်သူ

23 April 2014

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ နောက်ဆုံး နေထိုင်သွားတဲ့ အိမ်





သမိုင်းတွေ ချန်ခဲ့တဲ့ အဘ ဦးဝင်းတင်ရဲ့ အခန်းလေး ..



အဘကြည့်တဲ့ တီဗီလေးပေါ့




အဘ ဦးဝင်းတင် လမ်းလျှောက်တိုင်း ထောက်ပံ့ပေးခဲ့တဲ့ တုတ်ကောက်လေးတွေ ...





ဘဘ ရဲ့ စာအုပ်စင်


ရိုးရှင်းလှတဲ့ ထမင်းစားပွဲ

ပြင်သစ်အဆိုတော် ဖဘဲလ်( Fabell) ရဲ့ "အဘိုး ဝင်းတင်"

ဘဘဦးဝင်းတင်၏မိသားစုထံသို့ ဘဘဦးတင်ဦးနှင့် ဦးအုန်းကြိုင် လာရောက်အားပေး

ဒေါ်အောင်ဆန်းစုကြည် မှ ဘဘဦးဝင်းတင် ၏ ကျန်ရစ်သူမိသားစုအား သွားရောက်အားပေးစဉ်။